တရုတ်-မလေးရှား နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် စတင်အသက်ဝင်

18 Jul

တရုတ်နိုင်ငံက မလေးရှားနိုင်ငံနှင့် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် ဇူလိုင်လ ၁၇ ရက်တွင် တရားဝင် စတင်အသက်ဝင်ခဲ့ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာနေထိုင်ခွင့်မူဝါဒကို ပိုမိုချဲ့ထွင် လိုက်ပြီဖြစ်သည်။ အဆိုပါမူဝါဒအရ တရုတ်နိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားများသည် သက်ဆိုင်ရာနိုင်ငံ၏ သာမန်နိုင်ငံကူး လက်မှတ်(ordinary passport) ကိုင်ဆောင်ထားပါက ဗီဇာမလိုဘဲ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်း သွားလာခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်။ ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာခြင်း တစ်ကြိမ်လျှင် ရက် ၃၀ ထက် မပိုစေရဘဲ ရက်ပေါင်း ၁၈၀ အတွင်း စုစုပေါင်း ရက် ၉၀ ထက် မကျော်လွန်သော ပြည်ဝင်၊ ပြည်ထွက်ခြင်း သို့မဟုတ် ဖြတ်သန်းသွားလာနေထိုင်နိုင်ခွင့်ရရှိမည် ဖြစ်သည်။ ဤမူဝါဒက တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ် ရေးထိုးပြီး သုံးလအကြာတွင် စတင်အသက်ဝင်လာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ခရီးသွားလာရေး လွယ်ကူချောမွေ့ စေရန်နှင့် နိုင်ငံတကာဖလှယ်မှုများ မြှင့်တင်ရန်ကြိုးပမ်းမှုများတွင် နောက်ထပ်ခြေလှမ်းအသစ်တစ်ခုဖြစ်ကြောင်းကို ပြသ နေသည်။ ၂၀၂၅ ခုနှစ်၊ မေလအထိ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံကူးလက်မှတ်အမျိုးအစား အမျိုးမျိုးအတွက် နိုင်ငံပေါင်း ၁၅၇ နိုင်ငံနှင့် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံက ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာနေထိုင်ခွင့် ကာလကို ရက် ၃၀ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

18 Jul

ADVERTISE HERE .