“ငလျင်ဒဏ်သင့်ပြည်သူများအား ပံ့ပိုးရန် ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲ ကျင်းပမည်”

18 Jul

မန္တလေးဘောလုံးသမားဟောင်းများအသင်းက မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် မိဘပြည်သူများအား ကူညီပံ့ပိုး မှုများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် YH 90 United ရုပ်ရှင်သရုပ်ဆောင်များပါဝင်တဲ့ ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးရန်ပုံငွေ ဘောလုံးပွဲကို ဇူလိုင်လ ၂၀ ရက်(တနင်္ဂနွေနေ့)ညနေ ၄ နာရီတွင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃ဝ ရှိ ဗထူးအားကစားကွင်း၌ ချစ်ကြည်ရေးရန်ပုံငွေဘောလုံးပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးဘောလုံးသမားဟောင်းအသင်းနှင့် ရုပ်ရှင်သရုပ်ဆောင်များပါဝင်သည့် YH 90 United ဘောလုံးအသင်း တို့ ချစ်ကြည်ရေးရန်ပုံငွေ ဘောလုံးပွဲအတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မန္တလေးဘောလုံးသမားဟောင်းများ အသင်း ဦးမျိုးနိုင် ဖုန်း ၀၉-၂၀၁၁၉၉၉၊ ဦးအေးနိုင် ၀၉-၅၁၄၈၁၆၄၊ ဦးမြင့်ကိုဦး ၀၉-၂ဝ၂၄၈၁၁ နှင့် ဦးဝင်းနိုင် ဝ၉- ၈၈၁၈၈၁၆၁၇ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

18 Jul

ADVERTISE HERE .