“ဘရာဇီးနိုင်ငံမှလှူဒါန်းသည့် ဘီစီဂျီကာကွယ်ဆေး ငါးသိန်း မြန်မာနိုင်ငံသို့ ရောက်ရှိ”
18 Jul
ဘရာဇီးနိုင်ငံ ဘရာဇီးနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Brazilian Cooperation Agency-ABC)မှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတစ်ရပ်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ကိုးသောင်းခန့် တန်ဖိုးရှိ ဘီစီဂျီကာကွယ်ဆေး ငါးသိန်း doses သည် ဇူလိုင်လ ၁၆ ရက် ညနေပိုင်းက MAI လေကြောင်း လိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါတယ်။ ဘီစီဂျီကာကွယ်ဆေး (BCG vaccine) သည် မွေးကင်းစကလေးငယ်များ မွေးဖွားပြီးသည်မှ ၂၄ နာရီအတွင်း ထိုးနှံ ပေးရန်လိုအပ်ပြီး မွေးဖွားပြီး ၂၄ နာရီ အတွင်း မထိုးနှံနိုင်ပါက အသက်နှစ်လမတိုင်မီနှင့် အသက်နှစ်လအရွယ်တွင် အခြားကာကွယ်ဆေးများနှင့် ပူးတွဲ၍ ထိုးနှံခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပြင်းထန်တီဘီရောဂါ ကာကွယ်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း သိရပါတယ်။ (NVS-004)