“ရုပ်ရှင်အစည်းအရုံးဝင် သား/သမီး ၂၁၈ ဦးကို ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းများ ပေးအပ်”
18 Jul၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားများရဲ့ သား/သမီး ၂၁၈ ဦးကို ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၇ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ ရွှေရတုခန်းမမှာ ကျင်းပခဲ့ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။ အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီ စည်သူဦးကြည်စိုးထွန်း၊ ဦးအေးကြူလေး၊ နာယကကြီးများ၊ အကယ်ဒမီများရှင် ရန်အောင်၊ အောင်ခိုင်၊ ရဲမွန်၊ နေလ၊ မေသန်းနု၊ လှမျိုးသဥ္ဇာနွယ်၊ မမဆောင်း၊ မြတ်သစ္စာ၊ ရွှေရုပ်လွှာ စတဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေရဲ့ သား/သမီးစုစုပေါင်း ၂၁၈ ဦးကို ပညာသင် စရိတ်ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို ကျပ်တစ်သောင်း၊ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲတံချွန်စက်၊ ကွန်ပါဘူး၊ ထီး၊ ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ နီလာဒံပေါက်၊ အအေး၊ ဆပ်ပြာဆီ၊ ဆေး တို့ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)