“ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်း ကျဆင်းမှုကြောင့် စက်သုံးဆီဈေးနှုန်း တစ်လီတာ ကျပ် ၂၅၀ ကျော်ခန့် လျော့နည်းနိုင်”

18 Jul

ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းမှုကြောင့် နှစ်ဆန်းပိုင်းကဖြစ်ပေါ်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများ အောက် တစ်လီတာလျှင် ငွေကျပ် ၂၅၀ ကျော်ခန့် လျော့နည်းနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် အာရှပစိဖိတ်ဒေသတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာမှုကြောင့် လာမည့်အပတ်မှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသော်လည်း လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းကျဆင်းမှုကြောင့် စက်သုံးဆီဈေးနှုန်းပါ ကျဆင်းလာနိုင်ကြောင်း ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ယခင်နှစ်က စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းဝယ်ယူမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ယခုနှစ်တွင် အလားတူတန်းစီဝယ်ယူမှုမျိုး မတွေ့ရကြောင်းနှင့် သီလဝါသိုလှောင်ကန်များတွင် စက်သုံးဆီများ ပြည့်လုနီးပါးရှိနေတဲ့အပြင် မှာယူထားသော ဆီတင်သင်္ဘောများလည်း သီလဝါဆိပ်ကမ်းသို့ အဆက်မပြတ် ဝင်ရောက် လျက်ရှိနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းများထံမှ သိရကြောင်း ဖော်ပြထားပါတယ်။ (NVS-004)

18 Jul

ADVERTISE HERE .