“ဂျော်အိုဖေးလစ် ကို ပြန်လည်ခေါ်ယူလိုတယ်လို့ ဝန်ခံပြောကြားခဲ့တဲ့ ဘင်ဖီကာဥက္ကဋ္ဌ ရူအီကော်စတာ”

18 Jul

ဘင်ဖီကာအသင်းဥက္ကဋ္ဌ ရူအီကော်စတာက ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမားဟောင်း ဂျော်အိုဖေးလစ် ကို ပြန်လည်ခေါ်ယူလိုတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂျော်အိုဖေးလစ် က ဘင်ဖီကာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ နွေရာသီမှာ အက်သလက်တီကိုအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဂျော်အိုဖေးလစ် က အက်သလက်တီကိုအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျော်အိုဖေးလစ်ဟာ ချဲလ်ဆီးအသင်းမှာလည်း ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာ အေစီမီလန်အသင်းကို ရာသီဝက်အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဂျော်အိုဖေးလစ် ကို ရောင်းထုတ်လိုနေပြီး လက်ရှိမှာ ဘင်ဖီကာအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ (NVS 008)

18 Jul

ADVERTISE HERE .