“ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့တာကြောင့် ၃ လကြာအနားယူရဖွယ်ရှိတဲ့ ဘယ်လင်ဟမ်”
18 Jul
ရီးရဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဟာ ပခုံးဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့တာကြောင့် ၃ လကြာ အနားယူရဖွယ်ရှိနေပြီး ရာသီအစပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေပါတယ်။ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် က ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ပခုံးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပခုံးမှာ အကာအကွယ်ဝတ်ဆင်ကာ ကစားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဟမ် အနေနဲ့ ပခုံးဒဏ်ရာကို ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီကုန်ကတည်းက ခွဲစိတ်ကုသမှုခံယူဖို့ စီစဉ်ခဲ့ပေမဲ့ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အခုချိန်မှ ခွဲစိတ်ကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ ထုတ်ပြန်ချက်အရ ဘယ်လင်ဟမ်ရဲ့ ခွဲစိတ်ကုသမှုမှာ အောင်မြင်ပြီး လက်ရှိမှာ သူ့အနေနဲ့ အမြန်ဆုံးပြန်ကစားနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ (NVS 008)
18 Jul