“၁၂ နှစ်ကြာပိတ်ထားတဲ့ အဝေးကွင်းပရိသတ်တွေပွဲကြည်ခွင့်ကို ပြန်လည်ခွင့်ပြုပေး”
18 Jul
အာဂျင်တီးနားပြည်တွင်းဘောလုံးပြိုင်ပွဲတွေမှာ အဝေးကွင်းပရိသတ်တွေကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။ အာဂျင်တီးနားပြည်တွင်းက ကလပ်အသင်းပြိုင်ပွဲတွေမှာ အဝေးကွင်းပရိသတ်တွေ ကြည့်ရှုခွင့်ပိတ်ပင် ထားတာ ၂၀၁၃ ခုနှစ်ကတည်းကဖြစ်ပြီး ၁၂ နှစ်ကြာပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ အိမ်ကွင်းပရိသတ်တွေနဲ့ အဝေးကွင်းပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေရှိပြီး ပရိသတ်သေဆုံးမှုပါ ရှိခဲ့တာကြောင့် အခုလိုပိတ်ပင်ထား ခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)က ဗျူနိုအေးရိစ်စီရင်စုအတွင်းမှာရှိတဲ့ ကလပ်အသင်းတွေရဲ့ ပွဲစဉ် တွေမှာ အဝေးကွင်းပရိသတ်တွေကို စတင်ကြည့်ရှုခွင့်ပြုခဲ့ပြီး ကျန်ဒေသတွေမှာလည်း ဆက်ပြီးခွင့်ပြုပေးသွားမယ်လို့ ဇူလိုင်လ ၁၇ ရက်ကထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
18 Jul