“အမ်ဘူမို အတွက် မန်ယူအသင်းရဲ့ တတိယအကြိမ်ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိတဲ့ ဘရန့်ဖို့ဒ်”

18 Jul

မန်ယူအသင်း က ဘရန့်ဖို့ဒ်ကစားသမား အမ်ဘူမို ကို တတိယအကြိမ် ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့တာကြောင့် ဘရန့်ဖို့ဒ် အသင်း အနေနဲ့ လက်ခံရလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ အမ်ဘူမို ကိုခေါ်ယူဖို့ နွေရာသီတစ်လျှောက်လုံး ကြိုးစားနေခဲ့တာဖြစ်ပြီး ပထမဆုံး အကြိမ် အဖြစ် ပေါင် ၄၅ သန်းအပိုဆုကြေးပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ အခု တတိယအကြိမ် ကမ်းလှမ်းမှုကတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၅ သန်းအထိ မြင့်တက်လာတာကြောင့် ဘရန့်ဖို့ဒ်အသင်း အနေနဲ့ လက်ခံနိုင်ဖွယ်ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ် အမ်ဘူမို ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ အထိ သွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်တာကြောင့် မန်ယူအသင်းအပါအဝင် နာမည်ကျော်အသင်းများက ခေါ်ယူဖို့စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အမ်ဘူမို ကတော့ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ လိုလားနေတာကြောင့် မန်ယူအသင်းက အခွင့်သာနေပေမဲ့ ပြောင်းရွှေ့ကြေးအတွက် အဆင်မပြေဖြစ်နေသေးတာ ဖြစ်ပါတယ်။ (NVS 008)

18 Jul

ADVERTISE HERE .