“အာမခံအလုပ်သမားများအတွက် မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး”

18 Jul

မန္တလေးငလျင်ကြီးဘေးသင့် အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်များကို ခွင့်ပြုထုတ်ပေးလျက်ရှိပါတယ်။ လူမှုဖူလုံရေးအဖွဲ့အနေနဲ့ အင်အားပြင်းမန္တလေးငလျင်ကြီးဘေးသင့်ခံခဲ့ရသော အာမခံအလုပ်သမားများ အတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို မန္တလေး တိုင်းဒေသကြီးအတွင်း အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာန ၇,၃၉၅ ဌာနရှိ အာမခံအလုပ်သမား ၁၂၅,၆၇၃ ဦး အနက်စိစစ်ပြီး အာမခံအလုပ်သမား ၁၁,၈၇၀ ကို ငွေကျပ် ၉၆၈ ဒသမ ၁၈၁ သန်းနှင့် အလုပ်လုပ်ကိုင်နေစဉ် ငလျင် လှုပ်ခတ်မှုကြောင့် လုပ်ငန်းခွင်ထိခိုက်‌သေဆုံးခဲ့သူ အာမခံအလုပ်သမား ၁၆ ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၀၃ ဒသမ ၄၇၀ သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင်မိသားစုထောက်ပံ့မှုအာမခံစနစ်ပါ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Online Payment System နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ပုဂ္ဂလိကဘဏ်များသို့ Digital Payment System ဖြင့် KBZ Pay၊ AYA Pay ၊ Wave Pay၊ UAB Pay ၊ Mytel Pay တို့မှတစ်ဆင့် အာမခံအလုပ်သမားများ လက်ဝယ်အရောက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 003)

18 Jul

ADVERTISE HERE .