“အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန်အသိပေး”
18 Jul
(၇၈) နှစ်မြောက် အာဇာနည်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် (၇၈) နှစ်မြောက် အာဇာနည်နေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥဩဆွဲအချက်ပေးရန် အသိပေးထား ပါတယ်။ ယင်းအချိန်တွင် သွားလာနေတဲ့ မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက် ဌာန/ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာန အဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ (NVS 003)
18 Jul