"ငလျင်ဒဏ်သင့်ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ကြေးများပေးအပ်သွားမည်"
18 Jul
ပြီးခဲ့တဲ့မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့ရတဲ့ နေပြည်တော်ရှိ နေအိမ် ၁၂,၀၀၀ ကျော်ကို ငွေသားနဲ့အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးသွားမယ်လို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။ ငလျင်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရတဲ့ နေအိမ် တွေနဲ့ လုံးဝပျက်စီးခဲ့ရတဲ့ ဝါးထရံကာနေအိမ်တွေ၊ တစ်ထပ် ပျဉ်ထောင်အိမ်တွေ၊ နှစ်ထပ်ပျဉ်ထောင်အိမ်တွေနဲ့ တိုက်ခံအိမ် တွေကို အမျိုးအစားအလိုက်ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးရာမှာ အိမ်တစ်လုံးချင်း စီအတွက် သတ်မှတ်ထားတဲ့ ထောက်ပံ့နှုန်းထားရဲ့ သုံးပုံတစ်ပုံကို ငွေသားနဲ့ပေးချေမှာဖြစ်ပြီး ကျန်နှစ်ပုံကိုတော့ အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်အတွင်း တစ်စိတ်တစ်ပိုင်းပျက်စီးတဲ့နေအိမ် ၁,၅၀၇ လုံး၊ လုံးဝ ပျက်စီးတဲ့နေအိမ် ၁၀,၅၀၆ လုံးရှိခဲ့ပြီး ဇူလိုင်လ ၁၄ ရက်က အိမ်အလုံး၁,၃၀၀ကျော်အတွက် ငွေကျပ် ၇,၃၁၂ သန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ (NVS 003)