“မြန်မာ့ပနားမီးပုစွန်ဖြူကို ရုရှားနဲ့ဘယ်လာရုစ် ဈေးကွက်သို့တင်ပို့မည်”

17 Jul

မြန်မာ့ပနားမီးပုစွန်ဖြူကို ရုရှားနဲ့ ဘယ်လာရုစ်ဈေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံ အစိုးရတာဝန်ရှိသူများနဲ့ ညှိနှိုင်းလျက်ရှိပြီး လိုအပ်တဲ့အချက်အလက်များ ပေးပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ပြည်ပဈေးကွက်ဝင် မြန်မာ့ပနားမီးပုစွန်ဖြူကို တနင်္သာရီတိုင်းဒေသကြီးအတွင်းက ရေငန်မွေးမြူရေးကန်များတွင် စနစ်တကျမွေးမြူထုတ်လုပ်ပြီး ဩစတြေးလျ၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ တနင်္သာရီ တိုင်းဒေသကြီးအတွင်း မွေးမြူထုတ်လုပ်တဲ့ ပနားမီးပုစွန်ဖြူများသည် ပင်လယ်ရေ အရည်အသွေးကောင်းမွန်မှုနှင့် ရေထွက်ကုန် အရည်အသွေးကောင်းမွန်မှုများကြောင့် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများပြားနေခြင်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုများတဲ့ ပနားမီးပုစွန်ဖြူကို မွေးမြူရာတွင် ခြောက်ပေအနက်ရှိတဲ့ နှစ်ဧကခွဲတစ်ကန်ကို ပုစွန် အကောင်ရေ ၂ သန်းမှ ၄ သန်းအထိ မွေးမြူလေ့ရှိကြပြီး ပနားမီးပုစွန်ဖြူမျိုးစိတ်ကို ထိုင်းနိုင်ငံက ဝယ်ယူကာ အဆင့်ဆင့် မွေးမြူပြီး ၄ လခန့်အကြာ ရောင်းတန်းဝင်အဆင့်ရောက်ချိန်မှာ ပြည်ပကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

17 Jul

ADVERTISE HERE .