“ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ လိုင်စင်ပါစည်းကမ်းချက်များ လိုက်နာမှုမရှိသည့် ကုမ္ပဏီ ၄ ခုကို အရေးယူမှုများ ပြုလုပ်သွားမည်”

17 Jul

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိထားပြီး ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ လိုင်စင်ပါစည်းကမ်းချက်များ၊ ညွှန်ကြားချက် များအား လိုက်နာဆောင်ရွက်မှုသည့် ကုမ္ပဏီ ၄ ကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ Everlasting Rainbow Construction Co., Ltd၊ Myanmar Golden 11 Investment International Co., Ltd၊ Tai Telecom Development (TTD) Co., Ltd၊ VNG Myanmar Co., Ltd စတဲ့ ကုမ္ပဏီများသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအားလိုက်နာရန် ပျက်ကွက်ခြင်း၊ လိုင်စင် စည်းကမ်းချက်များအရ ပေးပို့တင်ပြရမည့် လုပ်ငန်းဆောင်ရွက်ထားရှိမှု သုံးလပတ်အစီရင်ခံစာ ပေးပို့တင်ပြမှုမရှိခြင်း၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၂၄ (က)(၃) အရ ပေးဆောင်ရမည့် သက်ဆိုင်သောဝင်ငွေ၏ ရာခိုင်နှုန်းကို အခြေခံသည့် နှစ်စဉ်ကြေးများအား ပေးဆောင်မှုမရှိခြင်းတို့အတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများ အပိုဒ် ၄၁ (၄) နှင့်အညီ လိုင်စင်ကို ပယ်ဖျက်သွားမှာဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများရရှိထားတဲ့ လိုင်စင်အမျိုးအစားများမှာ Application Service Licence၊ Network Facilities Service(Class)Licence နှင့် Network Facilities Service (Individual)Licence ဖြစ်ပါတယ်။ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများ အပိုဒ် ၃၉ (က)(၂) အရ ထိုက်သင့်သော အခွင့်အရေးပေးသည့် အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် နောက်ဆုံးထား၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဖြေရှင်းချက်နှင့်အတူ ပေးဆောင်ရမည့် သက်ဆိုင်ရာအခကြေးငွေများကို လာရောက်ပေးသွင်းပါရန်နှင့် သတ်မှတ်ကာလအထိ ဖြေရှင်း တင်ပြလာခြင်းမရှိပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများအပိုဒ် ၄၁ (၄) နှင့်အညီ လိုင်စင်ကို ပယ်ဖျက်သွား မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားပါ တယ်။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်း- ၀၆၇၃၄၀၇၄၇၉ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

17 Jul

ADVERTISE HERE .