“ဗင်နီစီယပ်စ် ကို စာချုပ်သစ် မချုပ်နိုင်ပါက အခုနွေမှာ ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ရီးရဲလ်အသင်း”
17 Jul
ရီးရဲလ်အသင်းက အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက အခုနွေမှာ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ဗင်နီစီယပ်စ်ရဲ့ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗင်နီစီယပ်စ် အနေနဲ့ ရီးရဲလ်အသင်းမှာ စာချုပ် သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်နေပြီး စာချုပ်သက်တမ်းကုန်ဆုံးမှသာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဗင်နီစီယပ်စ် ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိတာကြောင့် စာချုပ်သစ် မချုပ်ဘူးဆိုရင် အခုနွေမှာ ရောင်းထုတ်ဖို့ စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ (NVS 008)