“အီဆက်ခ် ကို ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ လီဗာပူးလ်အသင်းကို တုန့်ပြန်လိုက်တဲ့ နယူးကာဆယ်အသင်း”
17 Jul
နယူးကာဆယ်အသင်းက အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အီဆက်ခ်ကို ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ လီဗာပူးလ်အသင်းကို တုန့်ပြန်ခဲ့ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၁၃၀ နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ် အသင်းက အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အီဆက်ခ် ကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ လီဗာပူးလ်အသင်းကို အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
17 Jul