“ကမ္ဘာ့ဖလားဘောလုံးပွဲလက်မှတ်များ စက်တင်ဘာလ ၁၀ ရက်မှာ စတင်ရောင်းချမည်”
17 Jul
မက္ကဆီကို၊ အမေရိကနှင့် ကနေဒါနိုင်ငံတို့မှာ ပူးတွဲကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် လက်မှတ်များကို စက်တင်ဘာလ ၁၀ ရက်မှာ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ဖီဖာက ကြေညာခဲ့ပြီး ပရိသတ်များအနေဖြင့် ကြည့်ရှုလိုသည့် ပွဲစဉ်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်စာရင်းပေးသွင်းကြရန် တိုက်တွန်းခဲ့သည်။ အမေရိကနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး တစ်ရက်အကြာ အင်္ဂါနေ့တွင် အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်က သမိုင်းတလျှောက် အကြီးကျယ်အခမ်းနားဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကတို့က လက်ခံကျင်းပမယ့် ပွဲစဉ်တွေမှာ အလိုချင်ဆုံးနေရာတွေကို ရယူရေးအတွက် အသင့်ပြင်ထားကြဖို့ ပရိသတ်တွေကို တိုက်တွန်းပါတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်မှတ်စတင်ရောင်းချသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက် တနင်္ဂနွေနေ့ နောက်ဆုံးပွဲစဉ်အထိ လက်မှတ်ရောင်းချမှု အဆင့်များစွာ ရှိလိမ့်မည်ဟု ဖီဖာက ပြောကြားခဲ့ပါတယ်။ (NVS 008)