“ဂါနာချိုကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကလပ် ၃ သင်း”

17 Jul

အခုနွေရာသီမှာ မန်ယူအသင်းကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချို ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်း ၃ သင်းက အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂါနာချို ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ နည်းပြ အာမိုရင်မ် ကို ဝေဖန်ခဲ့တာကြောင့် အခုနှစ်နွေရာသီမှာ အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားခံရသူ ဖြစ်ပါတယ်။ လက်ရှိမှာ ဂါနာချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ စပါးနဲ့ အက်စတွန်ဗီလာအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဂါနာချိုကို ခေါ်ယူဖို့ အဲဒီပရီးမီးယားလိဂ်ကလပ်အသင်း ၃ သင်းအပြင် စီးရီးအေလက်ရှိချန်ပီယံ နာပိုလီ အသင်းနဲ့ လာလီဂါထိပ်သီး အက်သလက်တီကိုအသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ မန်ယူအသင်းဟာ ဂါနာချို ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ သတ်မှတ်ထားပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .