“မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့ ခင်မာလာထွန်း”

17 Jul

ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရတဲ့ အသင်းခေါင်းဆောင် ခင်မာလာထွန်း ဟာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က တရားဝင်အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင် ISPE အသင်းခေါင်းဆောင် ခင်မာလာထွန်း ဟာ ဒဏ်ရာကြောင့် ကျင်းပပြီးစီးခဲ့တဲ့ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ်ကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ခင်မာလာထွန်း အနေနဲ့ ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရန်ရှိတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲအပြင် ISPE ကလပ်အသင်း၏ အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်အား ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

17 Jul

ADVERTISE HERE .