အီရန်က ကြိုတင်သတ်မှတ်ချက်များရရှိထားမှသာ အမေရိကန်နှင့်ဆက်လက်ဆွေးနွေးမည်ဟုဆို
17 Jul
အီရန်နိုင်ငံအနေဖြင့် ကြိုတင်သတ်မှတ်ချက်များရရှိထားမှသာ အမေရိကန်နိုင်ငံ နှင့်ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း အီရန်လွှတ်တော်ကပြောသည်ဟု အီရန်နိုင်ငံပိုင်သတင်းဌာနက ဇူလိုင်လ ၁၆ ရက် တွင်ဖော်ပြထားသည်။ အမေရိကန်သည် အီရန်ကိုလိမ်လည် လှည့်ဖြားရန်နှင့် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုများကို ဖုံးကွယ်ရန် ဆွေးနွေးပွဲကို လက်နက်တစ်ခုအဖြစ်အသုံးချနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင်သတ်မှတ်ချက်များ ချမှတ် ပြီးနောက် ထိုသတ်မှတ်ချက်များရရှိမှသာ အမေရိကန်နှင့်နျူကလီးယားအရေးဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း လွှတ်တော်က ပြောထားခြင်းဖြစ်သည်။ ကြိုတင်သတ်မှတ်ချက်မှာ မည်သည့်အချက်များဖြစ်သည်ကို လွှတ်တော်က ပြောထားခြင်းမရှိသော်လည်း အီရန်ကို နောက်တစ်ကြိမ်တိုက်ခိုက်မှုမပြုရေး အာမခံချက်ပါဝင်သင့်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား ထားသည်။
17 Jul