“ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည်မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော”

17 Jul

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များကို ပေးပို့သွားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောသည်ဟုသိရသည်။ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံသို့ ဝေဟင်မှမြေပြင်ပစ်ဒုံးကျည်များဖြစ်သည့် JASSM ဒုံးကျည်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ခိုင်လုံသောသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကို ကိုးကား၍ Military Watch မဂ္ဂဇင်းကဖော်ပြထားသည်။ ယင်းနောက် သတင်းထောက်များက တာဝေးပစ်လက်နက်များပေးပို့နိုင်ခြေနှင့် ပတ်သက်၍မေးမြန်းရာ ထရမ့် က အစိုးရအနေဖြင့် ထိုကဲ့သို့လုပ်ဆောင်ရန်စဉ်းစားထားခြင်းမရှိကြောင်း တုံ့ပြန်ပြောဆိုထား ခြင်းဖြစ်သည်။ အဆိုပါ ဒုံးကျည်များကို F-16 အမျိုးအစားတိုက်လေယာဉ်ပေါ်မှပစ်ခတ်ပါက ရုရှားနိုင်ငံမော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့ တို့ကိုပင် ခြိမ်းခြောက်နိုင်ကြောင်းနှင့် ဒုံးကျည်ရောက်ရှိနိုင်သည့်အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ အထိဖြစ်ကြောင်း သိရသည်။

17 Jul

ADVERTISE HERE .