“ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲပြသသွားမည်”

17 Jul

ဇူလိုင်လ ၁၉ ရက်မှာကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ အထူးပြပွဲပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အတွက် အထူးပြပွဲခင်းကျင်းပြသရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပြန်လည်ပြင်ဆင်နိုင်ရန် ဇွန်လ ၁၇ ရက်မှ ဇူလိုင်လ ၁၈ ရက်အထိ ရက်ပေါင်း ၂၀ ခန့် ခေတ္တပိတ်ထားခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက်လေ့လာ ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာအဆိုပါပြပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေနဲ့ သန့်ရှင်းရေးနှင့် အခန်းပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရပါတယ်။ ( NVS 004)

17 Jul

ADVERTISE HERE .