“လာမယ့်ရွေးကောက်ပွဲနှင့်ပတ်သတ်၍ မြန်မာ-အိန္ဒိယနှစ်နိုင်ငံတပ်မတော်ကြား ဆွေးနွေးမှုများပြုလုပ်”

17 Jul

မြန်မာနိုင်ငံမှာ မကြာမီကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒု-စစ်ဦးစီးချုပ်(ထောက်လှမ်းရေး) Lieutenant General Shrinjay Pratap Singh, AVSM, YSM တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဇူလိုင်လ ၁၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမမှာ တွေ့ဆုံစဥ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်၌ အိန္ဒိယနိုင်ငံမှကူညီကယ်ဆယ်ရေး အဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တစ်ပြေးညီ ကူညီပေးအပ်ခဲ့မှုနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများမှာ ဆက်လက်ကူညီပေးသွားမည့်အစီအစဥ်များကို ဆွေးနွေးခဲ့ ကြပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဥ်များ၊မြန်မာနိုင်ငံမှာ လွတ်လပ်၍တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို အနှစ်သာရရှိစွာကျင်းပသွားမည်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ ( NVS 004)

17 Jul

ADVERTISE HERE .