“ဒလ-ရန်ကုန် သဗ္ဗန်ရေယာဉ်ဆိပ် ၁၀ ခုမှာ သမ္ဗန်ရေယာဉ်အစီးရေ ၅၀၀ ခန့်နဲ့ နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိ”

17 Jul

ဒလမြို့နယ်နှင့် ရန်ကုန်မြို့အကြား သမ္ဗန်ရေယာဉ်ဆိပ် ၁၀ ခုမှာ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ပြေးဆွဲပေးနေတဲ့ သမ္ဗန်ရေယာဉ်အစီးရေ ၅၀၀ ခန့်ရှိပြီး ပိတ်ရက်မရှိပြေးဆွဲပေးလျက်ရှိကြောင်း မြို့နယ်စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့(ဒလမြို့နယ်)မှ သိရပါတယ်။ သမ္ဗန်ရေယာဉ်ဆိပ် ၁၀ ခုအနက် သမဝါယမအသင်းပိုင်သမ္ဗန်ရေယာဉ်ဆိပ် ၅ ခုနှင့် ပုဂ္ဂလိကပိုင်သမ္ဗန် ရေယာဉ်ဆိပ် ၅ ခုတို့ပါဝင်ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မှတ်ပုံတင်ပြေးဆွဲပေးနေတဲ့ သမ္ဗန်ရေယာဉ် ၄၉၈ စီးရှိသလို စီးနင်းသူများအတွက် ဘေးကင်းလုံခြုံစေရန် သမ္ဗန်ရေယာဉ်ပေါ်မှာ ပါရှိရမည့်ပစ္စည်းများကို ပြည့်စုံစွာ ထားရှိပြီးမှသာ မောင်းနှင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရပါတယ်။ သမ္ဗန်ရေယာဉ်မောင်းသူများအနေနဲ့ သမ္ဗန်တစ်စီးမောင်းလိုပါက သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လိုင်စင်၊ စက်မောင်းသူ၏ ကျမ်းကျင်မှုလက်မှတ်များ၊ ရေကြောင်းသွားလာခွင့်လက်မှတ်များ၊ သမ္ဗန်ဆိပ် များမှ ခရီးသည်များအတွက် အသက်အာမခံကြေးပေးသွင်းမှုများအပြင် သမ္ဗန်ရေယာဉ်မောင်းသူများအနေနဲ့ အရက် သောက်စားမှုကင်းရှင်းရမှာဖြစ်သလို အဝင်အထွက်များကို သေချာကြည့်၍ မောင်းနှင်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မိုးတွင်းကာလအတွင်း ခရီးသည်တင်ဆောင်မှုကိုလည်း မူလတင်ဆောင်သည့် ခရီးသည် ၁၂ ယောက် အစား ခရီးသည်အရေအတွက် လျှော့ချတင်ဆောင်ရန်စသဖြင့် စည်းကြပ်ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် သမ္ဗန်ရေယာဉ်စီးနင်းခအနေနဲ့ အကွာအဝေးအပေါ်မူတည်၍ ငွေကျပ် ၃၀၀ မှ ၅၀၀အထိ သတ်မှတ် ထားကြောင်း သိရပါတယ်။ ( NVS 004)

17 Jul

ADVERTISE HERE .