အဲလိယတ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅ဝ ကျော် အလိုရှိနေတဲ့ လီဗာပူးလ်အသင်း

12 Jul

လီဗာပူးလ်အသင်းက လူငယ်ကွင်းလယ်ကစားသမား အဲလိယတ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ ကျော် အလိုရှိနေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် အဲလိယတ် အနေနဲ့ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အင်္ဂလန်ယူ-၂၁ အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ပွဲစဉ်ခြောက်ပွဲတွင် ငါးဂိုးသွင်းကာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ သို့သော် အဲလိယတ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ လီဗာပူးလ်အသင်းတွင် နေရာရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၂၈ ပွဲသာ ကစားခွင့်ရခဲ့ပြီး ငါးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲလိယတ် ကိုယ်တိုင်ကလည်း လာမည့်ရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရနိုင်သည့် အသင်းထံ ပြောင်းရွှေ့ကစားလိုနေပြီး လက်ရှိတွင် ၎င်းကိုခေါ်ယူရန် နယူးကာဆယ်၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .