တိုက်စစ်မှူးသစ် ကွန်ညာ အနေနဲ့ ကျောနံပါတ်(၁၀)ဂျာစီ ဝတ်ဆင်ကစားသွားမည်ဟု မန်ယူအသင်းအတည်ပြု

12 Jul

တိုက်စစ်မှူးသစ် ကွန်ညာ အနေနဲ့ ကျောနံပါတ်(၁ဝ)ဂျာစီကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ တိုက်စစ်မှူး ကွန်ညာ အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်း သမိုင်းတစ်လျှောက် ၁၉၉၃ ခုနှစ် နောက်ပိုင်း ကျောနံပါတ်(၁၀)ဂျာစီအား ဝတ်ဆင်ကစားခွင့်ရရှိသည့် ၈ ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ ပါတယ်။ လက်ရှိနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကွန်ညာ အနေနဲ့ ဝုဖ်အသင်းမှ မန်ချက်စတာယူနိုက်တက် အသင်းသို့ ၂ဝ၃ဝ ပြည့်နှစ်အထိ စာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်း ထုတ်ပြန်ချက်တွင် ကွန်ညာ အနေနဲ့ ကျောနံပါတ်(၁ဝ)ဂျာစီအား ဝတ်ဆင်ကစားမှာဖြစ်ပြီး အသင်းကို လာမည့် ဘောလုံးရာသီသစ်မှာ အောင်မြင်မှုတွေ ရယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .