PSG ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယို ကို စိတ်ဝင်စားနေတဲ့ အင်တာမီလန်
12 Jul
အင်တာမီလန်အသင်းဟာ PSG ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယို ကိုခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယို ဟာ PSG အသင်းမှာ နေရာမရဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီလက အက်စတွန်ဗီလာအသင်းမှာ ရာသီဝက် အငှားသွားရောက်ကစားခဲ့ပါတယ်။ သို့သော်လည်း အက်စတွန်ဗီလာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အဆန်စီယို ကို အပြီးသတ်ခေါ်ယူခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းက အဆန်စီယို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်းဥက္ကဋ္ဌ ဘီပီမာရော့တာ ကိုယ်တိုင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အဆန်စီယို ကိုယ်တိုင်ကလည်း အခုနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းတစ်သင်းဆီကို ပြောင်းရွှေ့လိုနေပါတယ်။(NVS 008)
12 Jul