ဘာစီလိုနာအသင်းသို့ ရောက်ရှိရန်ရေပန်းစားနေတဲ့ ရပ်ရှ်ဖို့ဒ်

12 Jul

မန်ယူအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ဟာ ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အသက် ၂၇ နှစ်အရွယ် ရပ်ရှ်ဖို့ဒ် အနေနဲ့ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းသို့ အငှားချခံခဲ့ရသလို လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာလည်း အရောင်းစာရင်းမှာ တင်သွင်းခံထားရပါတယ်။ မန်ယူနည်းပြ အာမိုရင် က ရပ်ရှ်ဖို့ဒ် အပါအဝင် ကစားသမား ၅ ဦးကို အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားထားပြီး အသင်းနဲ့လည်း ပြန်လည်လေ့ကျင့်ခွင့် မပြုတော့တာဖြစ်ပါတယ်။ လက်ရှိတွင် ရပ်ရှ်ဖို့ဒ် ကိုခေါ်ယူရန် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဂျူဗင်တပ်စ် နဲ့ အာဆင်နယ် စတဲ့ ထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ Sky Bet ကတော့ ရပ်ရှ်ဖို့ဒ် ရောက်ရှိနိုင်ခြေအရှိဆုံး အသင်းအဖြစ် ဘာစီလိုနာအသင်းကို ထိပ်ဆုံးမှာထားပြီး လောင်းကြေးဖွင့်ထားပါတယ်။ ရပ်ရှ်ဖို့ဒ် က ဘာစီလိုနာအသင်းသာ သူ့ကိုခေါ်ယူခဲ့ရင် အထောင်တိုက်စစ်မှူးအဖြစ် ကစားခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .