မန်ယူအသင်း လူငယ်ကစားသမား အငှားချထားရေးအကြီးအကဲအဖြစ် ခန့်အပ်ခံရတဲ့ ဂျွန်နီအီဗန့်

12 Jul

မန်ယူအသင်းက ကစားသမားဘဝမှ အနားယူခဲ့တဲ့ ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန့် ကို လူငယ်ကစားသမား အငှားချထားရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ကြောင်းသိရပါတယ်။ အသက် ၃၇ နှစ်အရွယ် အီဗန့် ဟာ မန်ယူ အကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး မန်ယူအသင်းတွင် နှစ်ရှည်ကစားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ကစားသမားဘဝမှ အနားယူခဲ့တဲ့ အီဗန့် ကို ယခုအခါ မန်ယူအသင်းက လူငယ်ကစားသမား အငှားချထားရေး အကြီးအကဲအဖြစ် တာဝန်ပေးခန့်အပ်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ အီဗန့် အနေနဲ့ မန်ယူအသင်းဘောလုံးဒါရိုက်တာ ဝီလ်ကော့စ် နဲ့ပူးပေါင်းပြီး လူငယ်ကစားသမားများကို အငှားချထားခြင်းမှ အသင်းအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဝီလ်ကော့စ် က အီဗန့် ဟာ လူငယ်ကစားသမားများအတွက် စံထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ အဆိုပါရာထူးနှင့် ကိုက်ညီလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .