“ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်မှ နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ကိုကိုဂတ်ဖ်”

03 Jul

ပြီးခဲ့တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် ဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်မှာပဲ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။ ဇူလိုင်လ ၁ ရက်ညက ယှဉ်ပြိုင်ခဲ့တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်ပွဲမှာ ဆီဒင်အဆင့် (၂) ရထားတဲ့ ကိုကိုဂတ်ဖ် ဟာ ယူကရိန်းတင်းနစ်မယ် ရက်စ်ထရမ်စကားနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါပွဲရဲ့ ဒုတိယ ပွဲလတ်မှာလည်း ကိုကိုဂတ်ဖ် ဟာ အမှားများခဲ့သလို ပြိုင်ဘက်ရဲ့ ရိုက်ချက်တွေကို တုန့်ပြန်နိုင်မှုအပိုင်းမှာ အားနည်းခဲ့တာကြောင့် ပွဲအပြတ်ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၁၉ မိနစ်သာ ကြာမြင့်ခဲ့ပြီး ရက်စ်ထရမ်စကား က ကိုကိုဂတ်ဖ် ကို ၇း၆၊၆း၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အခုလို ပထမအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် ကိုကိုဂတ်ဖ် ဟာ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ပထမအဆင့်ကနေ ထွက်ရတဲ့ တတိယမြောက် တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်သွား ပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .