“ရီးရဲလ်အသင်းကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီ ကို ချီးကျူးခဲ့တဲ့ အသင်းနည်းပြ အလွန်ဆို”
03 Jul
ရီးရဲလ်အသင်းနည်းပြ အလွန်ဆို က အသင်းကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီ ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်က ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ် ရီးရဲလ် အသင်းက ဂျူဗင်တပ်စ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ရီးရဲလ်ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီ က ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီ ဟာ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ၄ ပွဲစလုံး ပါဝင်ကစားပေးထားပြီး ခြေစွမ်းပြနေတာကြောင့် ရီးရဲလ်နည်းပြ အလွန်ဆို က ဗယ်လ်ဗာဒီ ဟာ သူ့ရဲ့ရီးယဲလ်နည်းပြဘဝကို လွယ်ကူအောင်လုပ်ပေးသူလို့ ချီးကျူး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဗယ်လ်ဗာဒီ ဟာ အခု ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ပွဲ ကစားပေးထားပြီး ၂ ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။ (NVS 008)