“ဆီမန်ညို ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့ ဘုန်းမောက်အသင်း”

03 Jul

ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်တဲ့ အသင်းတိုက်စစ်ကစားသမား ဆီမန်ညိုကို ၅ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂါနာလက်ရွေးစင်တိုက်စစ်မှူး ဆီမန်ညို ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ် ၃၇ ပွဲမှာ ၁၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်ယူအသင်းနဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘုန်းမောက်အသင်းက သူတို့အသင်းတိုက်စစ်ကစားသမား ဆီမန်ညို ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းမှာဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .