“လီဗာပူးလ်အသင်းမှာ ဖလော်ရီယန်ဗက်ဇ် ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ခဲ့တဲ့ သောမတ်စ်မူလာ”

03 Jul

ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်မှူး သောမတ်စ်မူလာ က ဖလော်ရီယန်ဗက်ဇ် အနေနဲ့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဂျာမန်လက်ရွေးစင်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ် ကို ကနဦး ပြောင်းရွှေ့ ကြေးပေါင်သန်း ၁၀၀ အပြင် အပိုဆုကြေး ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဖလော်ရီယန်ဗက်ဇ် အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် ဘောလုံးပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရပြီး ခြေစွမ်းမပြနိုင်ပါက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် သောမတ်စ်မူလာ က ဖလော်ရီယန်ဗက်ဇ် ဟာ ကစားသမားကောင်းတစ်ဦးဖြစ်သလို စိတ်ပိုင်းဆိုင်ရာအလွန်မာကျောသူဖြစ်ကြောင်း သုံးသပ်ပြောကြား ခဲ့ပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .