“ဂျွန်နီအီဗန်စ် က ကစားသမားဘဝကနေ အနားယူလိုက်ဖြစ်ကြောင်းကြေညာပေးခဲ့တဲ့ မန်ယူအသင်း”

01 Jul

မန်ယူအသင်းက အသင်းရဲ့ ၀ါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်ကို ကစားသမားဘဝက အနားယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ကြေညာပေးခဲ့ပြီး လူငယ်ကစားသမားအငှားချထားရေးတာဝန်ကို ခန့်အပ်ကြောင်း အတည်ပြု ကြေညာပေးခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် အီဗန်စ် ဟာ မန်ယူအကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး မန်ယူအသင်းမှာ နှစ်ကြိမ်ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းကလည်း အီဗန်စ် ကို လူငယ်ကစားသမား အငှားချထားရေး အကြီးအကဲအဖြစ် တာဝန်ပေးခန့်အပ်လိုက်ကြောင်း ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ အီဗန်စ် ဟာ မန်ယူအသင်းရဲ့ဘောလုံးဒါရိုက်တာ ဝီလ်ကော့စ် နဲ့အတူ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး လူငယ်ကစားသမားတွေကို အငှားချထားခြင်းကနေ အသင်းအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။(NVS 008)

01 Jul

ADVERTISE HERE .