“ကလပ်ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ရင် ပေါင်သန်း ၉၀ ကျော်ရရှိမယ့် မန်စီးတီးအသင်း”

30 Jun

မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ရင် စုစုပေါင်းဆုကြေး ပေါင်သန်း ၉၀ ကျော် ရရှိမယ်လို့ သိရပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှုအတွက် ပေးချေတဲ့နှုန်းထားက မတူညီမှုမရှိဘဲ ဥရောပကလပ်အသင်းတွေက ယှဉ်ပြိုင်ကြေး ပိုမိုရရှိပြီး ထိုအသင်းများထဲမှ မန်စီးတီးအသင်းက အများဆုံးအဖြစ် ပေါင် ၂၇ ဒသမ ၉ သန်းအထိ ရရှိတယ်လို့ သိရပါတယ်။ တောင်အမေရိကအသင်းတွေက ယှဉ်ပြိုင်ကြေး ပေါင် ၁၁ သန်းရရှိပြီး မြောက်အမေရိက၊ အာဖရိက၊ အာရှနဲ့ သမုဒ္ဒရာပိုင်းအသင်းတွေကတော့ ပေါင် ၇ သန်းအောက်သာ ရရှိတယ်လို့ သိရပါတယ်။ အုပ်စုအဆင့်မှာ နိုင်ပွဲတစ်ပွဲကို ပေါင် ၁ ဒသမ ၅ သန်းနီးပါးပေးအပ်ပြီး သရေကျရင် ပေါင် ၇၅၀,၀၀၀ ပေးအပ်တာကြောင့် ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့တဲ့ မန်စီးတီးအသင်းက လက်ရှိအချိန်မှာ ပေါင် ၃၇ ဒသမ ၈ သန်း ရရှိထားပြီလို့ သိရပါတယ်။ အဆင့်အလိုက် ဆုကြေးတွေကတော့ (၁၆) သင်းအဆင့်ရောက်ရင် ၅ ဒသမ ၅ သန်း၊ ကွာတားဖိုင်နယ် ရောက်ရင် ၉ ဒသမ ၆ သန်း၊ ဆီမီးဖိုင်နယ်ရောက်ရင် ၁၅ ဒသမ ၃ သန်း၊ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ရင် ၂၁ ဒသမ ၉ သန်း၊ ချန်ပီယံဆုရရှိရင် ၂၉ ဒသမ ၂ သန်း ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)

30 Jun

ADVERTISE HERE .