“ဘရန့်ဖို့ဒ်အသင်းနဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ခဲ့တဲ့ ပိုချက်တီနို”
30 Jun
အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနို က ဘရန့်ဖို့ဒ်အသင်းနဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ပြောကြားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်အသင်းက နည်းပြ သောမတ်စ်ဖရန့်ခ် စပါးအသင်းကို ပြောင်းရွှေ့သွားတာကြောင့် နည်းပြသစ် ရှာဖွေခဲ့ချိန်မှာ ပိုချက်တီနို၊ စတိဗ်ကူးပါးတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဘရန့်ဖို့ဒ် အသင်းက Set piece နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကိတ်အန်ဒရူးစ် ကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်လိုက် ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုချက်တီနို က သူနဲ့ပတ်သက်ပြီး သတင်းထွက်ခဲ့တာကြောင့် မဟုတ်မှန်ကြောင်း ဖြေရှင်းပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနို က အမေရိကန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရာမှာ ရလဒ်တွေ မကောင်းတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေ နည်းပြရာထူး လစ်လပ်တိုင်း သူနဲ့ သတင်းထွက်ပေါ်လေ့ရှိပါတယ်။ (NVS 008)