“အဲဗာတန်အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တဲ့ ကယ်လ်ဗတ်လူဝင်”

30 Jun

အဲဗာတန်အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် က ဒီနွေရာသီမှာ အသင်းက ထွက်ခွာတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် ဟာ ဇွန်လ ၃၀ ရက်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကယ်လ်ဗတ်လူဝင်က ၂၀၁၆ ခုနှစ်ကတည်းက အဲဗာတန်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၇၄ ပွဲကစားခဲ့ကာ သွင်းဂိုး ၇၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တန်းတက်ကလပ် ၃ သင်းက ကယ်လ်ဗတ်လူဝင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ (NVS 008)

30 Jun

ADVERTISE HERE .