“ဒါဝင်နူးနက်ဇ် အတွက် ပေါင်သန်း ၅၀ သာ သုံးစွဲမယ်လို့ဆိုတဲ့ နာပိုလီအသင်း”
30 Jun
နာပိုလီအသင်းဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ သာ သုံးစွဲလိုတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းက ဒါဝင်နူးနက်ဇ် ကို ၂၀၂၂ နွေရာသီမှာ ဘင်ဖီကာအသင်းဆီကနေ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၇ ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ အသင်းမှာ ခြေစွမ်းပြသ နိုင်ခြင်းမရှိတာကြောင့် ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒါဝင်နူးနက်ဇ် ကလည်း လမ်းခွဲဖို့ သဘောတူခဲ့ပြီလို့ သိရပါတယ်။ လီဗာပူးလ်အသင်းက ဒါဝင်နူးနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ ဝန်းကျင်အလိုရှိနေပြီး နာပိုလီအသင်းက ပေါင်သန်း ၅၀ သာ ပေးချေလိုတာကြောင့် ဆက်လက်ညှိနှိုင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)
30 Jun