“တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရွန်ကျန်းခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်ပွား”
30 Jun
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ရွန်ကျန်းခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက် ရှိရာ သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း တာဝန်ရှိသူ များက ဇွန်လ ၂၈ ရက်တွင် ပြောကြားသည်။ ဒူလူမြစ်ရေမြင့်တက်လာခြင်းကြောင့် ဒေသခံရေကြီးရေလျှံမှုနှင့်မိုးခေါင်ရေရှားမှုထိန်းချုပ်ရေး ဌာနချုပ် က ရေကြီးရေလျှံမှုဆိုင်ရာ အရေးပေါ ကယ်ဆယ်ရေး သတိပေးချက်အဆင့်(၂)ဆင့်မှ အမြင့်ဆုံးဖြစ်သည့် အဆင့်(၁) သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ရွန်ကျန်းခရိုင်တွင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် အိမ်ထောင်စု ၁၁,၉၉၂ ခုနှင့်ဒေသခံ ၄၁,၅၇၄ ဦးတို့အား ဘေးလွတ်ရာသို့ ပြန်လည်နေရာချ ထားပေးခဲ့ရသည်။ လက်ရှိအချိန်တွင် ရွန်ကျန်းခရိုင်တွင် တပ်မတော်သားများက မြေတူးစက်နှင့် စက်ယန္တရားများကို အသုံးပြု ၍ ဒေသအတွင်းပျက်စီးသွားသည့်လမ်းများ ပြင်ဆင်ရေး ဆောင်ရွက်နေသည်။ သဘာဝဘေးကျရောက်နေသည့် ဒေသများသို့သွားရောက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ရှိသူများနှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များ အကြား ကြန့်ကြာမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှု ထိန်းချုပ်ရေးဌာနချုပ် က ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။