“အမေရိကန်၏တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံများ လုံးဝပျက်စီးခြင်းမရှိ၊ လပိုင်းအတွင်း ယူရေနီယံသန့်စင်မှုကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်”

30 Jun

အမေရိကန်၏တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံများ လုံးဝပျက်စီးခြင်းမရှိကြောင်းနှင့် လပိုင်း အတွင်း ယူရေနီယံသန့်စင်မှုကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲက ပြောကြားသည်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖာရယ် မာရီယာ နိုဂရိုစီက စီဘီအက်စ်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏တိုက်ခိုက်မှုတွင် အီရန်၏နျူကလီးယားစက်ရုံများကို ချေမှုန်းပစ်နိုင် ကြောင်း ပြောကြာ ခဲ့သည်။ သို့သော် ပဏာမထောက်လှမ်းရေး အကဲဖြတ်မှုအရ အီရန်နျူကလီးယားအစီအစဉ်ကို လအနည်းငယ်သာ နောက်ဆုတ်ရဖွယ်ရှိကြောင်း အမေရိကန်မီဒီယာအများအပြားက သတင်းဖော်ပြသည်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအနေဖြင့် အီရန်တွင် စစ်ရေးအကဲဖြတ်မှုတစ်စုံတစ်ရာ မပြုလုပ်ရ သေးကြောင်းနှင့် ဆိုးရွားစွာပျက်စီးသွားသည်မှာ ရှင်းရှင်းလင်းလင်းရှိသော်လည်း ၎င်းမှာ လုံးဝ ပျက်စီးခြင်းမဟုတ် ဟု ညွှန်ကြားရေးမှူးချုပ် ရာဖာရယ် မာရီယာနို ဂရိုစီ က ပြောကြားသည်။ ထို့ပြင် အီရန်တွင် စက်မှုနှင့် နည်းပညာ ဆိုင်ရာ စွမ်းဆောင်ရည်များရှိကြောင်း ၎င်းကထောက်ပြခဲ့ပြီး အီရန်နိုင်ငံအနေဖြင့် လအနည်းငယ်အတွင်း သန့်စင် သော ယူရေနီယံများကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဇွန်လ ၂၅ ရက်တွင် အီရန်ပါလီမန်က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီနှင့်ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားရန် အစိုးရအား တောင်းဆိုမည့်အစီအစဉ်ကို ချမှတ်ခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Jun

ADVERTISE HERE .