“ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာသင်တန်းကို ဖွင့်လှစ်နိုင်ရန် စီစဉ်”
30 Jun
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား University Industry Collaboration ပုံစံနဲ့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်း (Certificate Course/ Higher Certificate Course in Rice Processing Technology)ကို စာတွေ့၊လက်တွေ့သင်ကြားမှုပုံစံနဲ့ မကြာမီဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။ အဆိုပါသင်တန်းများကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (Insein GTI) တို့ပူးပေါင်းဖွင့်လှစ်ရန် ညှိနှိုင်းစီစဉ်နေခြင်းဖြစ်တယ်လို့သိရပြီး သင်ရိုးညွှန်းတမ်းများနှင့် သင်ကြား/သင်ယူမှုများ ထိရောက်စေရန် ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ အဆိုပါသင်တန်းကို သင်တန်းကာလအနေဖြင့် ၃ လမှ ၄ လခန့်အထိ ကြာမြင့်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှစတင် ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး သင်တန်းတက်နေစဥ်ကာလအတွင်း နေထိုင်စားသောက်စရိတ်ငြိမ်း၊ သင်တန်းကြေး အခမဲ့ဖြစ်ကာ သင်တန်းပြီးဆုံးပါက ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိမည့် employment guaranteed training ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းသို့ THS, AGTI တက်ရောက် ခဲ့သူများ/လက်မှတ်ရပြီး သူများအပါအဝင် ဆန်စက်လုပ်ငန်းနှင့်သက်ဆိုင်သော လျှပ်စစ်/စက်မှု နည်းပညာပိုင်းဆိုင်ရာ အခြေခံအတွေ့အကြုံရှိသူများ၊ စက်ရုံအလုပ်ရုံများမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူများအနက်မှ ရွေးချယ်စိစစ်မှု (entry interview)နဲ့ ပါဝင် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 003)