“ချင်းတွင်းမြစ်ရေ တက်လာတာကြောင့် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေ”

30 Jun

ချင်းတွင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂,၉၀၀ စင်တီမီတာကို ကျော်လွန်၍ ၂,၉၀၄ စင်တီမီတာသို့ မြင့်တက်လျက်ရှိပြီ ဟုမ္မလင်းမြို့ဟာ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပါတယ်။ ချင်းတွင်းမြစ်ရေဟာ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့်၌ ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း ကျဆင်းနိုင်သလို၊ မင်းကင်းမြို့တွင်လည်း စိုးရေမှတ်အောက် တစ်ပေခန့်တွင်ရောက်ရှိနေကာ နောက်၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ စစ်တောင်းမြစ်ရေ၊ သံလွင်မြစ်ရေနှင့် ပဲခူးမြစ်ရေတို့သည်လည်း စိုးရိမ်ရေမှတ်အောက် ‌နှစ်ပေခန့်တွင် ရောက်ရှိနေကြပြီး၊ နောက်၂၄ နာရီအတွင်းစိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် မြစ်များအနီးနေထိုင်ကြသူများ သတိပြုနေထိုင်ကြရန်နှင့် မြစ်ရေမြင့်တက်လာပါက ကြိုတင် ရှောင်ရှား ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။ (NVS 003)

30 Jun

ADVERTISE HERE .