“မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရာမှာ ရှေးမူအတိုင်းသာ ဆောင်ရွက်မည်”

30 Jun

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီး နှင့် ဘုရားကြီးဝန်းအတွင်းရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရာတွင် ရှေးမူအတိုင်းသာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ပြုပြင်မှုများကို ကျွမ်းကျင်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး ကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေ၍ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ရှေးမူအတိုင်း ပိုမိုခိုင်ခံ့စေရန် လုပ်ငန်းများ မြန်ဆန်စွာ ပြီးစီးနိုင်အောင် စနစ်တကျ ကြပ်မတ်ကာရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များနှင့်ပေါင်းစပ်၍ အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိပြုပြင်ဆဲကာလမှာ အများပြည်သူများအနေနဲ့ မဟာမုနိဘုရားကြီးကို အခါကြီးရက်ကြီးများနှင့် ဥပုဒ်ကာလများတွင် သတ်မှတ်ချိန်များအတိုင်း ဖူးမြှော်နိုင်ကြောင်းလည်း သိရပါတယ်။ (NVS 003)

30 Jun

ADVERTISE HERE .