ပယ်ဟင်ညာ ကို အငှားဖြင့်ခေါ်ယူရန် မန်ယူအသင်းစီစဉ်
29 Jun
မန်ယူအသင်းက ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမား ပယ်ဟင်ညာ ကို အငှားဖြင့်ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးရပ်တည်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ယူအသင်းဟာ လာမယ့်ရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန်စီစဉ်နေခြင်း ဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြ အာမိုရင်မ် က အတ္တလန်တာအသင်း ကွင်းလယ်ကစားသမား အီဒါဆန် ကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့တာကြောင့် ပယ်ဟင်ညာ ကို အစားထိုးခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ပယ်ဟင်ညာ ဟာ ပြီးခဲ့သည့် ၂၀၂၄ နွေရာသီက ဖူလ်ဟမ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပေါင် ၄၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၄ ပွဲသာ ကစားခဲ့ရပါတယ်။ ဒါကြောင့် ယခုနွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာပြီး ပွဲကစားခွင့်ရနိုင်မည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ ကစားရန် ပယ်ဟင်ညာ အနေနဲ့ ဆန္ဒရှိနေကြောင်းသိရပါတယ်။(NVS 008)