ခံစစ်ကစားသမား အလာဘာ ဒဏ်ရာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မည်

29 Jun

ရီးရဲလ်မက်ဒရစ်အသင်း ခံစစ်ကစားသမား အလာဘာ ဟာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ဖီဖာကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကို ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း နည်းပြ အလွန်ဆို က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ခံစစ်ကစားသမား အလာဘာ အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလက ဒူးဒဏ်ရာရရှိခဲ့လို့ ဒဏ်ရာ သက်သာလာချိန်တွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အသင်းလူစာရင်း၌ ထည့်သွင်းခဲ့ပြီး ကြံ့ခိုင်မှုအခြေအနေ အရ အုပ်စုပွဲစဉ်များကို ပါဝင်နိုင်မည်မဟုတ်သော်လည်း ရှုံးထွက်အဆင့်တွင် ပါဝင်ကစားနိုင်ဖို့ စီစဉ်ခဲ့သော်လည်း တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့လို့ လက်ကျန်ပွဲစဉ်များကိုပါ လွဲချော်မည်ဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောကြားခဲ့ခြင်းဖြစ်သည်။ အခုပြိုင်ပွဲမှာ ရီးရဲလ်အသင်းအနေနဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ကာဗာဂျယ်၊ မီလီတာအို၊ ကာမာဗင်ဂါ၊ မန်ဒီ နဲ့ အန်းဒရစ် တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားခဲ့ရပါတယ်။(NVS 008)

29 Jun

ADVERTISE HERE .