WBC ဟဲဗီးဝိတ်တန်းစိန်ခေါ်ပွဲတွင် ဒီယွန်တေ ဒိုင်ပွဲရပ်ရလဒ်ဖြင့် အနိုင်ရရှိ

29 Jun

WBC ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်းဖြစ်သူ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေ က ဟဲဗီးဝိတ်တန်း စိန်ခေါ်ပွဲစဉ်အဖြစ် အမေရိကန်လက်ဝှေ့သမား အန်တိုနီဟန်းဒွန် နဲ့ အမေရိကန်နိုင်ငံ၊ ကန်ဆက်ပြည်နယ် ဝီချီတာ မြို့၌ ယှဉ်ပြိုင်ခဲ့ရာ ဒီယွန်တေ က ဒိုင်ပွဲရပ်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း Boxing-scene သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီယွန်တေ ဟာ ကမ္ဘာ့ချန်ပီယံခါးပတ် ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး ၂၀၂၂ ခုနှစ် အောက် တိုဘာလနောက်ပိုင်း ပထမဆုံးပြန်လည်ရရှိခဲ့သည့် နိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီယွန်တေ အနေနဲ့ တစ်နှစ်ခွဲအတွင်း ပြိုင်ပွဲပြန်ဝင်လာခဲ့ခြင်းဖြစ်ရာ ကမ္ဘာ့ချန်ပီယံခါးပတ်အား ပြန်လည်ဆွတ်ခူးနိုင်ရေးအတွက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။(NVS 008)

29 Jun

ADVERTISE HERE .