လိုင်လီအသင်းက လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်း တိုက်စစ်မှူး ဂီးရော့ဒ် ကိုခေါ်ယူရန် သဘောတူညီမှုရရှိ

29 Jun

လိုင်လီအသင်းက မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းမှ ဝါရင့်တိုက်စစ်ကစားသမား ဂီးရော့ဒ် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၃၈ နှစ်အရွယ် ဂီးရော့ဒ် အနေနဲ့ ဥရောပထိပ်တန်း ကလပ်အသင်းကြီးများဖြစ်သည့် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် အေစီမီလန်အသင်း တို့တွင် ကစားပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်လက အေစီမီလန်အသင်းမှ လော့စ်အိန်ဂျလိစ်အက်ဖ်စီ အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ ဂီးရော့ဒ် နဲ့ လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းတို့ စာချုပ်သက်တမ်းမှာ ယခုနှစ် ဒီဇင်ဘာလကုန်မှသာ ကုန်ဆုံးမှာဖြစ်သော်လည်း ဂီးရော့ဒ် ကိုယ်တိုင်က မေဂျာလိဂ်ပြိုင်ပွဲတွင် ကစားရသည်မှာ အဆင်ပြေမှုမရှိလို့ ဥရောပမှ ကလပ်အသင်းတစ်သင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် လော့စ်အိန်ဂျလိစ်အက်ဖ်စီအသင်းနှင့် လက်ကျန် စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

29 Jun

ADVERTISE HERE .