ပွင့်ဖြူမြို့နယ်အတွင်း မိုးသီးနှံ ဝါဧက ၁,၄၀၀ ကျော် စိုက်ပျိုးပြီးစီး

29 Jun

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါ ၁,၄၀၂ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါ ၆,၂၇၅ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ၁,၄၀၂ ဧကထိ စိုက်ပျိုးပြီးစီးခဲ့တာဖြစ်ပါတယ်။ လျာထား ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းတွေ တိုးတက်ရေး၊ တောင်သူများအနေနဲ့ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်အောင် ပံ့ပိုးပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်မှ သိရပါတယ်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ ဝါဖြစ်ထွန်း အောင်မြင်စေရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး စသည့် တောင်သူ ပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။(NVS 004)

29 Jun

ADVERTISE HERE .