ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆,၇၀၀ ကျော်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုခွင့်ပြု
29 Jun
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆,၇၀၀ ကျော်အတွက် CMP ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခွင့်ပြုပေးခဲ့တဲ့လုပ်ငန်း ၈ ခုမှာ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုဖြစ်ပြီး ယခုတစ်ပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေး၌ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ၎င်းလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၉၁ သန်းဖြစ်ပြီး လုပ်ငန်း အမျိုးအစားများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရပါတယ်။(NVS 004)