လီဗာပူးလ်က ခြောက်ဦးမြောက်ကစားသမားအသစ် ထပ်မံခေါ်ယူခဲ့
28 Jun
လာမယ့်ရာသီသစ်အတွက် လီဗာပူးလ်အသင်းဟာ ခြောက်ဦးမြောက်ကစားသမားသစ်အဖြစ် မထင်မရှား ဂိုးသမားတစ်ဦးဖြစ်သူ ဖရက်ဒီဝုဒ်မန်းကို ခေါ်ယူခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဝုဒ်မန်းဟာ ပရက်စတန် အသင်းနဲ့လမ်းခွဲပြီးနောက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဝုဒ်မန်း ဟာ ကစားသမားဘဝကို နယူးကာဆယ်အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၂၁-၂၂ ရာသီက အသင်းနဲ့အတူ ပရီးမီးယားလိဂ် လေးပွဲ ကစားပေးခဲ့ပါတယ်။ အဲဒီနောက် ဘုန်းမောက်၊ ဆွမ်ဆီး၊ ခေလ်မာနော့၊ ခရော်လေ၊ ဟာတယ်ပူးလ်အသင်းတွေမှာ ကစားခဲ့ကာ နောက်ဆုံး ပရက်စတန်အသင်းကို ပြောင်းရွှေ့တာ ဖြစ်ပါတယ်။ ပရက်စတန်အသင်းမှာ သုံးနှစ်ကြာခဲ့ပြီး ပြိုင်ပွဲစုံ ၁၃၈ ပွဲကစားပေးခဲ့ပါတယ်။ ဝုဒ်မန်းအနေနနဲ့ လီဗာပူးလ်အသင်းမှာ အယ်လီဆန်၊ မာမာဒါရှက်ဗလီတို့နောက် တတိယဂိုးသမားအဖြစ်သာ ကစားရဖို့ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ ဗလင်စီယာအသင်းဂိုးမား မာမာဒါ ရှက်ဗလီ၊ လေဗာကူဆင်နောက်ခံလူ ဖရင်ပေါင်နဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဗက်ဇ်၊ ဘုန်းမောက်နောက်ခံလူ ကာကက်ဇ်၊ ပွတ်ရှ်ကပ်ဂိုးသမား အာမင်ပက်ဆီတို့ကိုလည်း ခေါ်ယူထားပါတယ်။ (NVS 008)